Friday, January 27, 2012

ရသ သိဒ္ဒိ

နီသွေးနှင်းဆီ ရနံ့ကြည်လျှင်
မြင်သည်ခဏ အလွန်လှ၏.....။

ပန်းသီးကလေး ချိုပျံ့မွှေးကို
လွေးစဉ်ခဏ စွဲ ‘ရသ’ ပင်.......။

လိမ္မော်ဗွီဗွီ စတော်ဘယ်ရီကို
တစ်ချီကြိုက်မော့ ဘဝင်ပေါ့၏.....။

နှင်းဆီ,ပန်းသီး,
သစ်သီးဖျော်စုံ အဖုံဖုံထက်
သန့် ,သက်,တည်,အေး
နွေးထွေးလုံခြုံ
မေတ္တာဘုံထု
နှိုင်းတုမမြင်
အမေ့ရင်ခွင်သာ
အရာရာထက်၊အဘက်ဘက်မှ
ကြည် ,မြ ,မွှေး ,ချို
 ‘ရသ’ပို၏..............။

                                  အောင်ကောက်

No comments:

Post a Comment