Friday, January 27, 2012

သဲအိမ်ပျက်

မင်း+နဲ့- ငါ -----
တူနှစ်ကိုယ်တိုင်းပြည်မှာ
မေတ္တာနှင်း ဇာလွှာ အတူခြုံ
သံယောဇဉ် လွန်းမျှင်ကို
ခေါက်တုံ သွယ် ယှက်
ကရုဏာ ထီးကို
မငြိး မညူဆောင်း
ထိတ် လန့် အကြင်နာ
မိုးခြိမ်းသံ တွေကြားမှာ
သစ္စာသော့တွေနဲ့
ခိုင်မြဲ ချည်တွဲ အားခဲ ခဲ့ကြတာလေ....။

ခုတော့------
ရွေလင်ဗန်း ထ္မင်းဆီဆမ်းကို
အာသာငမ်းနေတဲ့ ကလေးလေးလို
သိုသိပ်မျှော်လင့်ခဲ့ရတဲ့
ငါ့ရဲ့......
မဟာရှင်သန်ခွင့်တွေကို
အားမနာ ပါးမနာ ရိုက်ချိုးသွားတာ
လူမသိသူမသိ
အရိုးခိုက်အောင်နာနေရပေါ့........။

                       အောင်ကောက်

No comments:

Post a Comment