Friday, January 27, 2012

တောင်ဝှေး

တိမ်တွေပျံတာ
ဘယ်နှစ်ကြိမ်စောင့်ကြည့်ခဲ့ဖူးပါသလဲ။

ဦးတည်ရာအတွက်
ဒီသမုဒ္ဒရာမှာ သံလိုက်အိမ်မြောင်လိုတယ်။

နဖူးပေါ် လက်တင်တဲ့အခါ
ကျောတစ်နေရာစာထက် ဘယ်သူပိုချမ်းသာသလဲ
ထိုင်မျှော်နေရုံနဲ့တော့
ဘယ်အရိပ်မှရောက်လာမှာမဟုတ်ဘူး..။

....ငှက်တွေမပျံသန်းချင်နေ
ဟင်းလင်းပြင်ကတော့ရှိမြဲ  ရှိမြဲ
ခုမှ...လွမ်းမနေနဲ့
တွေဝေတယ်ဆိုတာ
လမ်းမဲ့သူတွေရဲ့ တောင်ဝှေးပဲ.....။          ။

အောင်ကောက်

No comments:

Post a Comment